မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 3, 2015

လိဂ်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်များ ထွက်ပေါ်




လိဂ်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ထွက်ပေါ် လာရာမှာ မန်ချက်စတာ စီးတီးက အဲဗာတန်၊ လီဗာပူးက စတုတ် စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အဲဗာတန် အသင်းက လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ မန်စီးတီးကို လက်ခံ ယှဉ်ပြိုင် ရမှာပါ။

စတုတ် စီးတီးကလည်း ဆီမီး ပထမ အကျော့ကို အိမ်ကွင်းမှာ လီဗာပူးနဲ့ ကစား ရမှာပါ။

လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ်တွေကို လာမယ့်နှစ် ဇန်န၀ါရီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လိဂ်ဖလား ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံက ချဲလ်ဆီး အသင်း ဖြစ်ပေမယ့် ပြိုင်ပွဲကနေ စောစောစီးစီး နုတ်ဆက် သွားရပါတယ်။

လိဂ်ဖလား ပြိုင်ပွဲမှာ လီဗာပူး အသင်းက အအောင်မြင်ဆုံး ဖြစ်ပြီး ချန်ပီယံဆု ၈ ကြိမ် ရရှိ ထားပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/125219

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment