မြန်မာ့ လက်ရွေးစင် အ သင်းသည် မတ်လ အတွင်း ယှဉ် ပြိုင် ရမည့် လက်ဘနွန် အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယ အ ကျော့ မတိုင်မှီ ရန်ကုန်မြို့၌ ခြေ စမ်းပွဲ ကစားရန် စင်ကာပူနှင့် ဖိလစ်ပိုင် အသင်းတို့ကို ဖိတ်ကြား ထားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးတင်အောင်က ပြောသည်။
‘‘ခြေစမ်းကစားဖို့ စင်ကာပူ နဲ့ ဖိလစ်ပိုင်အသင်းတွေကို ဖိတ် ခေါ်ထားပါတယ်။ ကျွန်တော်တို့ ဘက်က ကိုယ့်အိမ်ကွင်းမှာကစား ချင်တယ်။ စင်ကာပူနဲ့ ဖိလစ်ပိုင် ကလည်း သူတို့ဆီမှာပဲ ကစားချင် တယ်ဆိုတဲ့အတွက် ဆက်လက် ညှိနှိုင်းနေပါတယ်။ လက်ဘနွန်နဲ့ ပွဲမတိုင်မီ ခြေစမ်းပွဲတစ်ပွဲတော့ ကစားဖို့ပြင်ဆင်ထားပါတယ်’’ဟု ဦးတင်အောင်ကပြောသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်သည် မူလက Merlion Cup စင်ကာပူဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ သို့ မြန်မာ့လက်ရွေးစင်အသင်းကို စေလွှတ်ယှဉ်ပြိုင်ရန် စီစဉ်ထား သော်လည်း ယင်းပြိုင်ပွဲမှာကျင်းပ မည့် ကွင်းအခက်အခဲကြောင့် ပျက်ပြယ်ခဲ့ပြီးနောက် ယခုကဲ့သို့ ခြေစမ်းပွဲကစားရန် စီစဉ်နေခြင်းဖြစ်သည်။
မြန်မာအသင်းသည် စင်ကာ ပူ၊ ဖိလစ်ပိုင်အသင်းတို့နှင့်နောက် ဆုံးတွေ့ဆုံယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ် များတွင် စင်ကာပူအသင်းကို ၂၀၁၄ ဆူဇူကီးဖလားအုပ်စုအ ဆင့်တွင် ၄-၂ ဂိုးဖြင့်ရှုံးနိမ့်ထားပြီး ဖိလစ်ပိုင်အသင်းကို ၂၀၁၄ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် ၃-၂ ဂိုးဖြင့် အနိုင်ယူထားသည်။
မြန်မာအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယအ ဆင့် ခြေစစ်ပွဲ ခြောက်ပွဲယှဉ်ပြိုင် အပြီးတွင် ရမှတ်လေးမှတ်ဖြင့် အုပ်စု(ဆ)အဆင့်လေးနေရာ၌ ရပ်တည်နေပြီး ခြေစစ်ပွဲနောက် ဆုံးပွဲအဖြစ် မတ်လ ၂၉ ရက်တွင် လက်ဘနွန်အသင်း၏ အိမ်ကွင်း သို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ် သည်။
ထိုင်းနိုင်ငံ ဘန်ကောက်၌ ယှဉ်ပြိုင်ခဲ့သည့် ပထမအကျော့တွင် လက်ဘနွန်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။
By - ဘိုဘိုမင်း
Originally published at - http://www.7daydaily.com/story/54260
No comments:
Post a Comment