မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 26, 2015

ဘရာဇီးနည်းပြ တစ်ဦး ခေါ်ယူရန် မနောမြေ အသင်း စီစဉ်



မနောမြေ အသင်း၏ ခြေစမ်းပွဲအား လာရောက်လေ့လာနေသည့် ဘရာဇီးနည်းပြ ဖာနန်ဒို (ဓာတ်ပုံ-ရွှေဘုတ်)

ဒီဇင်ဘာ ၂၆၊ ရန်ကုန်

၂၀၁၆ ဘောလုံး ရာသီတွင် လိဂ်-၂ သို့ တန်းဆင်း ကစားရမည့် မနောမြေ အသင်းသည် ရာသီကြို ပြင်ဆင်မှု အနေဖြင့် ဘရာဇီး နည်းပြ ဖာနန်ဒိုအား ခေါ်ယူရန် အကြို သဘော တူညီမှု ရရှိထားသည် ဟု အသင်းမီဒီယာ တာဝန်ခံ ကိုဇော်ဇော်က ပြောသည်။

မနောမြေအသင်းကို၂၀၁၅ ဘောလုံးရာသီက ဘရာဇီးနည်းပြ အီမာဆင် တာဝန်ယူကိုင်တွယ်ခဲ့သော်လည်း ရာသီကုန်တွင် ရန်ကုန်အသင်းသို့ ပြောင်းရွေ့ခွင့်ပြုခဲ့သည့်အတွက် ၎င်းနေရာပြန်လည်အစားထိုးရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

“ ဘရာဇီးနည်းပြ ခေါ်ဖို့က သဘောတူညီမှု ရထားပြီးပါပြီ။ သူနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို စာချုပ်ချုပ်ပြီးရင် သတင်းတင်ပေးပါ့မယ်။

လာမယ့် ရာသီ တန်းပြန်တက်နိုင်ဖို့ကိုတော့ အသင်းအနေနဲ့ အကောင်းဆုံး ပြင်ဆင်နေပါတယ်။ ရာသီကြို ခြေစမ်းပွဲတွေလည်း တောက်လျောက်ကစားနေပါတယ်။ နိုင်ငံခြားသားကတော့ သုံးယောက်ပဲ ခေါ်ထားပါတယ်။

ပြည်တွင်းကစားသမား အင်အားလည်း ဖြည့်ထားပါတယ်။ နည်းပြအဖွဲ့နဲ့ အသင်းနဲ့ တိုင်ပင်ပြီး ထပ်ခေါ်ဖို့လည်း ရှိပါတယ် ” ဟု ကိုဇော်ဇော်က ပြောသည်။

မနောမြေအသင်းသည် လက်ရှိတွင် ရာသီကြိုခြေစမ်းပွဲများအဖြစ် ဧရာဝတီ၊ ရှမ်းယူနိုက်တက်၊ ရတနာပုံ၊ ချင်းယူနိုက်တက်အသင်းတို့နှင့် ခြေစမ်းကစားထားပြီး နှစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ထားနိုင်သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/9026


No comments:

Post a Comment