မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 27, 2015

လက်စတာ၊ အာဆင်နယ် ရှုံးပွဲတွေ့ချိန်တွင် မန်စီးတီး ဂိုးပြတ်နိုင်




ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ဘောက်ဆင်ဒေး ပွဲများတွင် အာဆင်နယ်က ဆောက်သမ်တန်ကို ဂိုးပြတ် ရှုံးခဲ့ပြီး ထိပ်ဆုံးမှ လက်စတာ ကလည်း ယခုရာသီ၏ ဒုတိယမြောက် အဝေးကွင်း ရှုံးပွဲ အဖြစ် လီဗာပူးကို ၁-၀ ဂိုးဖြင့် ရှုံး ခဲ့ပြီး ဇယားတွင် ဒုတိယနှင့် တတိယ အသင်းများအား နှစ်မှတ်သာ ဖြတ်နိုင်တော့သည့် အနေ အထား ရောက်သွားသည်။

စနေညဥ့်နက်ပိုင်း ပွဲများ တွင် လီဗာပူးက အိမ်ကွင်း၌ ဘန် တီကီ၏ ဒုတိယပိုင်း ၆၃ မိနစ် တွင် သွင်းသော တစ်ဂိုးတည်းဖြင့် အနိုင်ရသွားပြီး နည်းပြ ကလော့ပ်အဖို့ ဖိအားများ သက်သာခဲ့ရသည်။

သို့သော် ယာယီနည်းပြ ဟစ် ဒင့်ဖြင့် ပွဲထွက်ခဲ့သည့် ချယ်လ် ဆီးက အိမ်ကွင်းတွင် ဝက်ဖို့ဒ်ကို ၂-၂ ဂိုး သရေကျခဲ့ပြီး ဒီယေဂို ကော်စတာက နှစ်ဂိုးစလုံး သွင်း ပေးခဲ့သည်။

ထို့ကြောင့် ချယ်လ်ဆီးသည် ဇယားတွင် တစ်မှတ်ရသော် လည်း အဆင့် ၁၅ နေရာ၌ပင် ဆက်လက် ရပ်တည်ခဲ့သည်။

မန်စီးတီးမှာမူ အိမ်ကွင်းတွင် စတာလင်၊ တိုရေး၊ ဘွန်နီတို့ ၏သွင်းဂိုးများဖြင့် ဘောလုံးပိုင် ဆိုင်မှု အသာ၊ ဂိုးအသာဖြင့် ၄-၁ ဂိုးဖြင့် နိုင်ခဲ့ပြီး ဇယား၌ ရမှတ် ၃၅ မှတ်ဖြင့် ဒုတိယအာဆင်နယ်နှင့် တစ်မှတ်အကွာ ပထမလက်စတာ နှင့် သုံးမှတ်အကွာသို့ ရောက်လာ ခဲ့သည်။

တနင်္ဂနွေနံနက် အစောပိုင်း ပွဲများ၌ နယူးကာဆယ်က အဲဗာ တန်နှင့် ကစားခဲ့ရာ ပွဲချိန်ကုန် သည်အထိ ဂိုးမရှိသရေ ဖြစ်မလို ရှိခဲ့ရာက အဲဗာတန်မှ ကလီဗာ လေက နာကျင်အချိန်ပို ၉၂ မိနစ် တွင် သွင်းယူခဲ့၍ တစ်မှတ် နစ်နာ ခဲ့ရကာ ဇယားတွင် အဆင့် ၁၇ ဖြင့် တန်းဆင်းဇုန်ထဲ ရပ်တည်ခဲ့ သည်။

—Ref: Goal

Originally published at - http://www.7daydaily.com/story/54266


No comments:

Post a Comment