မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 27, 2015

ဆောက်သမ်တန်နှင့်ပွဲမှ ဒိုင်လူကြီးအား အာဆင်နယ်ပွဲများ ကိုင်တွယ်ခွင့်မပေးရန် ပရိသတ်များ တောင်းဆို




စနေနေ့က ဆောက်သမ် တန်ကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး နောက် ဒိုင်လူကြီး ဂျိုနသန်မော့စ် အား အာဆင်နယ် အသင်း၏ ပွဲစဉ် များကို ကိုင်တွယ်ခွင့် ပိတ်ပင် ရန် အာဆင်နယ် ပရိသတ်များက အက်ဖ်အေသို့ တောင်းဆိုလိုက် ကြောင်း သိရသည်။

ယင်းပွဲအပြီးတွင် အာဆင် နယ်နည်းပြ အာစင်ဝင်းဂါးက ဆောက်သမ်တန်အသင်း ရရှိခဲ့ သော ဂိုးသုံးဂိုးသည် အငြင်းပွား ဖွယ်ဂိုးများ ဖြစ်သည်ဟု ပြော ကြားခဲ့သည်။

ဒိုင်လူကြီး ဂျိုနသန်မော့စ်၏ စွမ်းဆောင်ရည်များအတွက် ၎င်း ကို အပြစ်ပေးသင့်သည် (သို့မ ဟုတ်) တားမြစ်သင့်သည်ဟု အာ ဆင်နယ်ပရိသတ်များ၏ ပန်ကြား စာတွင် ဖော်ပြသည်။

ဆောက်သမ်တန်နှင့်ပွဲတွင် အာဆင်နယ်အသင်း ဂိုးများပေး လိုက်ရသည့် ဆုံးဖြတ်ချက် အမှား များစွာကို ဒိုင်လူကြီးမော့စ် ချ မှတ်ခဲ့ခြင်းသည် ပြဿနာရှိပြီး ယင်းအမှားများအတွက် ဒိုင်လူ ကြီးကို ပြစ်ဒဏ်ပေးခြင်း မရှိသေး ဟု အာဆင်နယ် ပရိသတ်များက အက်ဖ်အေသို့ တောင်းဆိုသော စာတွင် ဖော်ပြ ထားသည်။

ဒိုင်လူကြီး ဂျိုနသန်မော့စ် အား အပြစ်ပေးရန် အက်ဖ်အေကို မိမိတို့ တိုက်တွန်းကြောင်း အာ ဆင်နယ်ပရိသတ်များက ပြော ကြားသည်။

အာဆင်နယ်သည် ယင်းရှုံး ပွဲကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခွင့်မရဖြစ်ခဲ့ပြီး လီ ဗာပူးကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည့် လက်စတာက ဇယားကို ၃၈ မှတ်ဖြင့် ဦးဆောင်နေဆဲ ဖြစ် သည်။

—Ref: Goal

Originally published at - http://www.7daydaily.com/story/54263


No comments:

Post a Comment