မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 8, 2015

ထွန်းထွန်းမင်းနှင့် အမေရိကန် လက်ဝှေ့ကျော် ဆိုင်းရပ်စ် မကြေပွဲ ပြန်နွှဲမည်




ဒီဇင်ဘာ ၈၊ ရန်ကုန်

မြန်မာပြည် အလွတ်တန်း ရိုးရာ လက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်းနှင့် အမေရိကန် လက်ဝှေ့ကျော် ဆိုင်းရပ်စ်တို့၏ တတိယ အကြိမ် မကြေပွဲကို လာမည့် ဒီဇင်ဘာ ၂၀ ရက်၊ ရန်ကုန်မြို့၊ သိမ်ဖြူ အားကစား ခန်းမရုံတွင် ကျင်းပမည် ဖြစ်သည်။

ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်တို့သည် ပထမ အကြိမ်နှင့် ဒုတိယ အကြိမ် နှစ်ကြိမ် တွေ့ဆုံ ထိုးသတ် ထားဖူးပြီး တစ်ယောက် တစ်ကြိမ်စီ အနိုင် ရရှိထား ကြသည်။

၂၀၁၄ ဒီဇင်ဘာလက မျှော်စင်ကျွန်း တွင် ပြုလုပ်ခဲ့သည့် Air KBZ ရွှေအောင်လံပွဲတွင် ဆိုင်းရပ်စ်က နောက်ပြန်ခြေကန်ချက်ဖြင့် အနိုင်ရခဲ့သည်။

ထို့နောက် ၂၀၁၄ ဧပြီလတွင် စိတ်မကြေပွဲအဖြစ် ထွန်းထွန်းမင်းမှ ပြန်လည်စိန်ခေါ်ခဲ့ပြီး အဆိုပါပွဲတွင် ထွန်းထွန်းမင်းက ပြန်လည်အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ၄င်းတို့နှစ်ဦး မှာ တစ်ကြိမ်စီ နိုင်ထားကြသော်လည်း ဆိုင်းရပ်စ် အမေရိကန်က Air KBZ ရွှေအောင်လံ၏ လက်ရှိ ချန်ပီယံဖြစ်သည်။

ဒီဇင်ဘာ ၂၀ ရက်တွင် ဒုတိယ အကြိမ် ပြုလုပ်မည့် Air KBZ ရွှေအောင်လံ ပွဲတွင် ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်တို့၏ အဓိပွဲ တွဲဆိုင်း အပြင် ကြယ်စင်ဖြိုး (အဖြူရောင် သွေးသစ်)နှင့် ၀မ်းစတား (ရွှေဖူး)၊ စောမင်းအောင် (တောင်ကလေး)နှင့် စိုးထက်ဦး (အဖြူရောင် သွေးသစ်)၊ ထွန်းနိုင်ဦး (အဖြူရောင်သွေးသစ်)နှင့် ကျော်ကြား (တောင်ကလေး)၊ စောဖြိုးဝေ (အဖြူရောင်သွေးသစ်)နှင့် တိမ် တိုက် (ထွန်းသစ်)၊ သျှင်ရဲထွဋ် (အဖြူရောင်သွေးသစ်)နှင့် ရဲမာန်ဟိန်း (ထွန်းထွန်းမင်း)၊ ဥဒေါင်းမင်း (ထွန်းထွန်းမင်း)နှင့် သိန်း ညီညီ (T&T) တို့၏ တွဲဆိုင်း များလည်း ပါဝင်မည် ဖြစ်သည်။

Myanmar Media Group မှ စီစဉ်သည့် ဒုတိယ အကြိမ် Air KBZ ရွှေအောင်လံ လက်ဝှေ့ပွဲတွင် ရုံဝင်ကြေးများ အဖြစ် ငွေကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း အသီးသီး သတ်မှတ် ထားသည်။

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/8314

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment