
ဇန်န၀ါရီ ၂၀ ရက်ညက ယှဉ်ပြိုင်တဲ့ အက်ဖ်အေ ဖလား တတိယ အဆင့် ပြန်ကန် ပွဲစဉ်မှာ လီဗာပူးက အက်စက်တာ အသင်းကို ခြေစွမ်းပြပြီး ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
လီဗာပူးက အိမ်ကွင်းမှာ အရန် ကစားသမား အများစုနဲ့ ခြေစွမ်းပြပြီး ဒုတိယတန်း ကလပ်ကို အနိုင်ယူ သွားတာပါ။
ဦးဆောင်ဂိုးကို ၁၀ မိနစ်မှာ အယ်လန်က သွင်းယူပါတယ်။
အန်းဖီးလ်ကွင်းမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်သလို ကန်သွင်းခွင့်လည်း ပိုရခဲ့တာပါ။
အက်စက်တာအသင်း ဂိုးသမား ကာကွယ်နိုင်တာနဲ့ ဂိုးသွင်း မသေချာလို့သာ ပထမပိုင်းမှာ ဂိုးပြတ်နဲ့ မနိုင်တာ ဖြစ်ပါတယ်။
ဒုတိယဂိုးကို ၇၄ မိနစ်မှာ အိုဂျိုက သွင်းယူပြီး အပိတ်ဂိုးကို ၈၂ မိနစ်မှာ တက်ရှီရာက သွင်းယူခဲ့တာပါ။
ဒီပွဲအနိုင်ရတဲ့ လီဗာပူးအသင်းဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားပြီး ၀က်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/131702





No comments:
Post a Comment