ဇန်န၀ါရီ ၂၀ ရက်ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေ ဖလား တတိယ အဆင့် ပြန်ကန် ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးစ်က လက်ဆက်စတာ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ပထမ ပွဲစဉ်မှာတုန်းက စပါးစ်နဲ့ လက်ဆက်စတာတို့ ၂ ဂိုးစီ သရေကျ ထားပါတယ်။
ဒီပွဲမှာ စပါးစ်အတွက် ဦးဆောင်ဂိုးကို ၃၉ မိနစ်မှာ ဆွန် ယန်မင်းက သွင်းယူ ပါတယ်။
စပါးစ်က အဝေးကွင်း ဖြစ်ပေမယ့်လည်း ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်း ခွင့်လည်း ပိုရ ခဲ့ပါတယ်။
ဒုတိယဂိုးကိုလည်း ဆွန် ဖန်တီးပေးတဲ့ အလုံးကနေ ၆၆ မိနစ်မှာ ချာဒီက သွင်းယူပါတယ်။
ဒီပွဲမှာ ဆွန် ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်တာ ခံခဲ့ရပါတယ်။
လက်ဆက်စတာနည်းပြ ရိုင်နရီကတော့ စပါစ်းက အနိုင်နဲ့ထိုက်တန်ပြီး သူ့အသင်းရဲ့ ဦးစားပေးက ပရီးမီးယားလိဂ်ဖြစ်တယ်ဆိုပြီး ပြောပါတယ်။
ဒီပွဲနိုင်တဲ့ စပါးစ်က အက်ဖ်အေးဖလားပြိုင်ပွဲ စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/131698
No comments:
Post a Comment