မန်ယူအသင်း ခေါင်းဆောင်ဟောင်း ဗီဒစ်က ဘောလုံး ကစားသမား ဘ၀ကနေ အနားယူ လိုက်ပြီ ဖြစ်ကြောင်း ဇန်န၀ါရီ ၂၉ ရက်နေ့က ကြေညာ ခဲ့ပါတယ်။
အသက် ၃၄ နှစ် အရွယ် နောက်တန်း သမား ဗီဒစ်ဟာ ဒီလထဲမှာပဲ အီတလီ စီးရီးအေ ကလပ် အင်တာမီလန်မှာ ပွဲထွက် ကစားခွင့် မရလို့ ၂ ဖက် သဘော တူညီမှုနဲ့ လမ်းခွဲ ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေ အတွင်း ဆားဘီးယား နောက်ခံလူ ဗီဒစ်ဟာ ဒဏ်ရာ ပြဿနာနဲ့ ရုန်းကန်း ခဲ့ရပါတယ်။
မန်ယူ နောက်တန်းမှာ ဗဟိုနောက်ခံ လူဟောင်းတွေ ဖြစ်တဲ့ ဗီဒစ်နဲ့ ရီယိုဖာဒီနန်တို့ အတွဲဟာ ၂၀၀၆ ကနေ ၂၀၁၄ အထိ အသင်းရဲ့ အဓိက ကစားသမားတွေ အဖြစ် ရပ်တည် ခဲ့ပါတယ်။
အာဆင်နယ်နောက်ခံလူ တိုနီအဒမ်ပြီးရင် အင်္ဂလန် ပရီးမီးယားလိဂ်မှာတော့ အကောင်းဆုံး နောက်ခံလူတဦးအဖြစ် ဗီဒစ်က ရပ်တည်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဗီဒစ်ဟာ ဆားဘီးယား လက်ရွေးစင်အသင်းအတွက် ၅၆ ပွဲ ကစားပေးထားပါတယ်။
ဗီဒစ်ရဲ့ ဘောလုံးစွမ်းရည်တွေကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို အသင်းဟောင်းမန်ယူကလည်း လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြန်တင်ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/132917
No comments:
Post a Comment