မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 30, 2016

ပါတိုကို လောင်းကစား လုပ်သလို စွန့်စားခေါ်ယူခဲ့ခြင်း မဟုတ်ဟု ချဲလ်ဆီးပြော




ဘရာဇီး တိုက်စစ်မှူး ပါတိုကို လက်မှတ်ထိုး ခေါ်ယူ တာဟာ လောင်ကစား လုပ်သလို စွန့်စားပြီး ခေါ်ယူတာ မဟုတ်ဘူးလို့ အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီး နည်းပြ ဂူ့စ်ဟစ်ဒစ်က ပြောဆို လိုက်ပါတယ်။

ဇန်န၀ါရီ ၂၉ ရက်မှာ အသက် ၂၆ နှစ် အေစီမီလန် တိုက်စစ်မှူးဟောင်း ပါတိုကို ဘရာဇီးကလပ် ကိုရင်သီယန်ကနေ ဒီနှစ်ရာသီမကုန်ခင်အထိ အငှားစာချုပ်နဲ့ ချဲလ်ဆီးက ခေါ်ယူလိုက်ပါတယ်။

ပါတိုကို ခေါ်ရတာဟာ လောင်းကစားလုပ်တာ မဟုတ်ဘဲ ပရီးမီးယားလိဂ်နဲ့ အံဝင်အောင် ကစားနိုင်လိမ့်မယ်လို့ နည်းပြ ဟစ်ဒစ်က ပြောပါတယ်။

ပါတိုဟာ အေစီမီလန်အသင်းမှာ ကစားသမားဘ၀ အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်း ခြေစွမ်း မပြနိုင်လို့ ဘရာဇီးကလပ်တွေမှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။

သူဟာ ဘရာဇီး လက်ရွေးစင်အသင်းအတွက် ၂၅ ပွဲ ကစားပေးထားပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။

ဒါပေမယ့် ပါတိုဟာ ၂၀၁၃ ခုနှစ်ကစပြီး အခုအချိန်အထိ ဘရာဇီး လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်း မခံရတော့ပါဘူး။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132904


No comments:

Post a Comment