ဇန်န၀ါရီ ၃၀ ရက်က ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား စတုတ္ထ အဆင့် ပွဲစဉ်မှာ မန်ယူက ဒါဘီကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
မန်ယူ အတွက် ဦးဆောင် ဂိုးကို ပွဲအစ ၁၆ မိနစ်မှာ ရွန်နီက ဂိုးစည်း ထိပ်ကနေ သွင်းယူ ပါတယ်။ ၃၇ မိနစ်မှာ အိမ်ရှင် ဒါဘီက ချေပဂိုး ပြန်လည် သွင်းယူ ပါတယ်။
မန်ယူ အတွက် ဒုတိယ ဂိုးကို ၆၅ မိနစ်မှာ တောင်ပံဖြတ်တင် ဘောကနေ ဘလင်းက သွင်းယူ ပါတယ်။
နောက်ဆုံးအပိတ်ဂိုးကိုတော့ ၈၃ မိနစ်မှာ မာရှယ်က ဆင်ပေးခဲ့ပြီး ကွင်းလယ်သမား မာတာက သွင်းယူပါတယ်။
ဒီပွဲမှာ မန်ယူက အဝေးကွင်းဖြစ်ပေမယ့် ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။
ဒီပွဲမှာ တိုက်စစ်မှူး မာရှယ် ဂိုးမသွင်းနိုင်ပေမယ့် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဒီပွဲနိုင်လို့ မန်ယူနည်းပြ ဗန်ဂါးလည်း ဖိအားတွေကနေ သက်သာရာ ရသွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/132890
No comments:
Post a Comment