မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 23, 2016

လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို ဇွန်လ ပထမ အပတ် အတွင်း ကျင်းပမည်



နည်းပြ ဂတ်ဇီဆီ လက်ထက်တွင် လေ့ကျင့်မှုများ ပြုလုပ်နေသော မြန်မာအသင်းသားများ (ဓာတ်ပုံ- ရွှေဘုတ်)

ဇန်နဝါရီ ၂၃၊ ရန်ကုန်

မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲကို ဇွန်ပထအပတ် အတွင်း ကျင်းပမည်ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပအတွက် အိမ်ရှင်မြန်မာအသင်းအပါအဝင် စင်ကာပူ၊ ဗီယက်နမ်၊ အရှေ့အလယ်ပိုင်း အသင်းတစ်သင်းကို ဖိတ်ကြားထားပြီး စင်ကာပူအသင်းကတော့ ပြိုင်ပွဲဝင်ဖို့ အကြောင်းကြားထားပါတယ်။

“လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ဇွန်လပထမအပတ်အတွင်းကျင်းပပါမယ်။ အသင်းတွေက လတ်တလောတော့ စင်ကာပူတစ်သင်းပဲ အတည်ပြုထားပါတယ်။ ကျန်တဲ့အသင်းတွေကို လည်း ဖိတ်ထားပြီးပါပြီ။ အသင်းတွေရဲ့နိုင်ငံတကာပွဲတွေနဲ့ချိန်ပြီး ညှိုနေပါတယ်။”ဟု ဦးကိုကိုသိန်းကပြောသည်။

မြန်မာ့လက်ရွေးစင်အသင်း ၂၀၁၆ ဆူဇူကီးပြိုင်ပွဲတွင်အောင်မြင်မှုရရန်အတွက် လေးနိုင်ငံဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲအပြင် ဥရောပခြေစမ်းခရီးစဉ်၊ ဂျပန်၊ ဟောင်ကောင်၊ မက်ဆီဒိုးနီးယား အသင်းများနှင့်လည်း ခြေစမ်းပွဲများ ကစားရန်စီစဉ်ထားသည်။

မြန်မာအသင်း၏လေ့ကျင့်မှုအစီအစဉ်များကို မတ်လ ၁၄ရက်တွင် ကစားသမား ၂၅ဦးဖြင့်စတင်မည်ဖြစ်ပြီး မတ်လ ၂၃ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် စင်ကာပူနိုင်ငံတွင်ခြေစမ်းပွဲ ကစားမည်ဖြစ်သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/10261


No comments:

Post a Comment