မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 27, 2016

လာမည့် ဖီဖာ ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ၅ ဦး ယှဉ်ပြိုင်မည်




လာမယ့် ဖီဖာ ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ၅ ဦး ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ဖီဖာက အတည်ပြု လိုက်ပါတယ်။

ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲကို လာမယ့် ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ ပြုလုပ် သွားမှာပါ။

အရွေးချယ် ခံမယ့် ကိုယ်စားလှယ်လောင်း ၅ ဦးကတော့ ဂျော်ဒန်မင်းသား အလီဘင် အယ်လ် ဟူစိန်၊ ဘာရိန်းနိုင်ငံမှ ရှိတ် ဆယ်မန် ဘင် အီဘရာဟင်၊ ဂျီရာနီ အင်ဖန်တီနို၊ တောင်အာဖရိက နိုင်ငံသား ဆက်ဝဲနဲ့ ပြင်သစ်က ဂျရိုမီ ချန်ပနီတို့ ဖြစ်ပါတယ်။

လက်ရှိ ဖီဖာ ဥက္ကဋ္ဌ ဆပ် ဘလတ္တာကို အဂတိ လိုက်စားမှုနဲ့ ပြီးခဲ့တဲ့နှစ် ရာထူးကနေ ဖြုတ်ချ အပြီးမှာ ရွေးကောက်ပွဲ ပြုလုပ်တာပါ။

ရှိတ် ဆယ်မန်ဟာ အာရှဘောလုံး အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး အင်ဖန် တီနိုကတော့ ယူအီးအက်ဖ်အေရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

အစောပိုင်း ကတော့ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီက ဖီဖာဥက္ကဋ္ဌ ရာထူး အတွက် ရေပန်းစား ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ငွေကြေး အရှုပ်တော် ပုံကြောင့် ဖီဖာရဲ့ ကျင့်ဝတ် ကော်မတီက ဘောလုံး လောကနဲ့ ၈ နှစ် အထိ ဝေးဝေးနေဖို့ အရေးယူတဲ့ ဆုံးဖြတ်ချက် ချမှတ် ထားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/132504


No comments:

Post a Comment