စနေနေ့ ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် အစောဆုံး ပွဲစဉ်မှာ ဂိုးတွေ အပြန် အလှန် သွင်းပြီး လီဗာပူးက နော်ဝစ်ခ်ျကို ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
လီဗာပူးက အဝေးကွင်းမှာ ဖာမီနို အဖွင့်ဂိုး သွင်းယူနိုင်ပေမယ့် နောဝစ်ခ်ျက ပထမပိုင်း မှာပဲ ၂ ဂိုးပြန်သွင်းပြီး ဦးဆောင်နိုင် ခဲ့ပါတယ်။
ဒီပွဲမှာ အပြန်အလှန်နဲ့ ထိုးဖောက် ကစားနိုင်ခဲ့ပြီး နော်ဝစ်ခ်ျအသင်းက ခြေရည်တူ ကစားနိုင်ခဲ့ပါတယ်။ တတိယဂိုးကို ၅၄ မိနစ်မှာ ပင်နယ်တီကနေ တဆင့် သွင်းယူပါတယ်။ လီဗာပူးအတွက် ဒုတိယနဲ့ တတိယ ချေပဂိုးတွေကို ဟန်ဒါဆန်နဲ့ ဖာမီနိုက သွင်းယူပါတယ်။
လီဗာပူးက ဒီပွဲမှာ ဘောလုံးကိုင် ကစားနိုင်ပေမယ့် နော်ဝ်ခ်ျက တန်ပြန်တိုက်စစ်တွေကနေ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် ၄ ဂိုးမြောက်ဂိုးကို ၇၅ မိနစ်မှာ တဖက်နောက်တန်းရဲ့ အမှားကနေ မေလ်နာက သွင်းယူပါတယ်။
အနိုင်ရလဒ်နဲ့ အဆုံးသတ်တော့မလို ဖြစ်နေတုန်း မိနစ် ၉၀ မှာ နော်ဝစ်ခ်ျအတွက် ချေပဂိုးကို ဘာဆောင်းက သွင်းယူပါတယ်။ တမိနစ်အတွင်းမှာပဲ လီဗာပူးအတွက် အနိုင်ဂိုးကို လာလာနာက သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးက ၃၄ မှတ်နဲ့ အဆင့် ၇ မှာ ရှိနေပြီး နော်ဝစ်ခ်ျက ၂၃ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/132035
No comments:
Post a Comment