မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, February 9, 2016

ချယ်​လ်​ဆီး​နောက်​ခံလူ ဇူးမား ​ခြောက်​လခန့်​ အနားယူရမည်




လန်​ဒန်​၊ ​ဖေ​ဖော်​ဝါရီ ၉

မန်​ယူအသင်းနှင့်​ တစ်ဂိုးစီ သ​ရေကျ ခဲ့သည့်​ ပွဲစဉ်​တွင်​ ရရှိခဲ့​သော ဒူးဒဏ်​ရာကြောင့်​ ချယ်​လ်​ဆီး​ နောက်​ခံလူ ဇူးမားသည်​ ​ခြောက်​လခန့်​ အနားယူ ရ​တော့မည်​ ဖြစ်​သည်​။

ဇူးမားသည်​ ​လေ​ပေါ်မှ​ ဘောလုံးကို ​ခေါင်းတိုက်​ ဖျက်​ထုတ်​ရန် ​ကြိုးစားရာမှ ပြန်​အကျတွင်​ ​ပုံစံ မမှန်​ပဲ ဒူးဒဏ်​ရာ ရရှိခဲ့ခြင်း ဖြစ်​သည်​။

“ဒဏ်​ရာကို ဓာတ်​မှန်​ရိုက်​ စစ်​​ဆေး ခဲ့ရာမှာ ဒူးအရွတ်​ ထိခိုက်​ သွားခဲ့ ပါတယ်​။ ​နောက်​​နေ့မှာ ခွဲစိတ်​ ကုသမှု ခံယူသွားမှာပါ။

မကြာမှီ ကြံ့ခိုင်​မှု အပြည့်​နဲ့ ပြန်​လာ ခဲ့ပါမယ်​”ဟု ဇူးမားက တွစ်​တာတွင်​​ ရေးသား ခဲ့သည်​။

အသက်​ ၂၁ နှစ်​ အရွယ်​ရှိ ပြင်​သစ်​​ နောက်​ခံလူဇူးမားသည်​ ယခုရာသီတွင်​ ချယ်​လ်​ဆီးအတွက် ၃၂ ပွဲ ပါဝင် ​ကစားထားသည်​။

ပြင်​သစ်​အသင်းတွင်​ ၂ ပွဲ ပါဝင်​ ကစားခဲ့ပြီး ဖြစ်​သည့်​ ဇူးမားသည်​ လာမည့်​ ဇွန်​လတွင်​ ကျင်းပမည့်​ ယူရို ၂၀၁၆ ပြိုင်​ပွဲကို လွဲ​ချော်​ရန်​​ သေချာသွားပြီ ဖြစ်​သည်​။

ဇူးမားသည်​ တယ်​ရီနှင့်​ တွဲဖက်​ပြီး နည်းပြ ဟစ်​ဒင့်​၏ လက်​​အောက်​တွင်​ ကိုးပွဲ ဆက်​တိုက်​ ရှုံးပွဲ မရှိ​အောင်​ ကစားထားသည်​။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/10968


No comments:

Post a Comment