ဖေဖော်ဝါရီ ၂၁ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ နာမည်ကြီး ရီးရဲလ် မက်ဒရစ် အသင်းက မာလာဂါနဲ့ ၁ ဂိုးစီ သရေကျ သွားပါတယ်။
ရီးရဲလ်က ဒီပွဲမှာ ဒဏ်ရာ ရနေတဲ့ အဓိက ကစားသမား တွေဖြစ်တဲ့ ဂါးရတ် ဘေးလ်နဲ့ ဘန်ဇီမာတို့ မပါဘဲနဲ့ ယှဉ်ပြိုင် သွားပါတယ်။
ရီးရဲလ်မက်ဒရစ် အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၃ မိနစ်မှာ ဖရီးကစ် ကနေတဆင့် ရော်နယ်ဒိုက ခေါင်းတိုက် သွင်းယူပါတယ်။
အဲဒီနောက် ၂ မိနစ်လောက်မှာ ရော်နယ်ဒို ထိုးဖောက် လာတာကို တဘက်လူ တားဆီးရင်း ကနေ ပင်နယ်တီ ရသွားပါတယ်။
အဲဒီ ပင်နယ်တီကို ရော်နယ်ဒို ကန်သွင်းပေမယ့် ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်လို့ တဂိုးနစ်နာ သွားရပါတယ်။
မာလာဂါ အတွက် ချေပဂိုးကို ၆၆ မိနစ်မှာ တဘက်နောက်တန်း လူကပ် မထားတဲ့ အမှား ကနေ သွင်းယူ ပါတယ်။
ဒီပွဲသရေကျလို့ ရီးရဲလ်ဟာ အမှတ်ပေးဇယားထိပ်က ဘာစီလိုနာနဲ့ ၉ မှတ်ကွာပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
မာလာဂါကတော့ ၃၁ မှတ်နဲ့ အဆင့် ၁၁ မှာ ရှိနေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/136325
No comments:
Post a Comment