
ဖေဖော်ဝါရီ ၂၁ ရက်ညက ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား ပဉ္စမ အဆင့် ပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်က တော့တင်ဟမ် ဟော့စပါးစ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ခရစ္စတယ် ပဲလေ့စ် အတွက် အနိုင်ဂိုးကို ၄၆ မိနစ်မှာ ကယ်လီက သွင်းယူ ပါတယ်။
နောက်တန်းကစားသမား ကယ်လီအတွက်တော့ ၂၀၁၁ နောက်ပိုင်း အသင်းအတွက် ပထမဆုံး ဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။
စပါးက အိမ်ကွင်းမှာ တဘက်သတ် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်လည်း တော်တော်များများ ရခဲ့ပါတယ်။
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ကန်သွင်းချက်တွေကို တဘက်ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီပွဲနိုင်လို့ ခရစ္စတယ်ပဲလေ့စ်ဟာ ၁၉၉၅ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/136321





No comments:
Post a Comment