
ဖေဖော်ဝါရီ ၃ ရက်နေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက ၀တ်ဖို့ဒ် အသင်းနဲ့ ဂိုးမရှိ သရေကျ သွားပါတယ်။
ဒီပွဲ သရေ ကျလို့ နည်းပြ ဟစ်ဒင့်ရဲ့ ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ်မှာ ၇ ပွဲအထိ ရှုံးပွဲ မရှိသေးတဲ့ စံချိန် တင်သွား ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီး အသင်း ဘောလုံး ပိုင်ဆိုင်မှု များပေမယ့် ၀တ်ဖို့ဒ်က အပြန် အလှန် ထိုးဖောက် ကစားနိုင် ခဲ့ပါတယ်။
တိုက်စစ်မှူး ကော်စတာ ကန်သွင်းခွင့် ရပေမယ့် ဂိုးပေါက်မတည့်လို့ တဂိုး နစ်နာခဲ့ရပါတယ်။
ချဲလ်ဆီးဘက်က ထိုးဖောက် ကန်သွင်းချက်တွေကို ၀တ်ဖို့ဒ်ဂိုးသမားနဲ့ နောက်တန်း ကာကွယ်နိုင်လို့ သရေ ၁ မှတ်စီ ခွဲယူလိုက်ရပါတယ်။
ဒီပွဲမှာ ၀တ်ဖို့ဒ်ဂိုးသမား လက်စွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
ဒီပွဲသရေကျလို့ ချဲလ်ဆီးက ၂၉ မှတ်နဲ့ အဆင့် ၁၃ မှာ ရှိနေပြီး ၀တ်ဖို့ဒ်က ၃၃ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/133931





No comments:
Post a Comment