မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, February 6, 2016

စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘရာဇီး ကွင်းလယ်လူကို တရုတ်ကလပ် ခေါ်ယူ




တရုတ်စူပါလိဂ် ဘောလုံးကလပ် ဂျန်ဆု အသင်းက ဘရာဇီး ကွင်းလယ်သမား အဲလက် ထက်ရှီတာကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၈.၄ သန်းပေးပြီး ခေါ်ယူ လိုက်ပါတယ်။

ဒီပြောင်းရွှေ့ကြေးဟာ တရုတ်စူပါလိဂ် ကလပ်တွေ ထဲမှာ အမြင့်ဆုံး စံချိန်တင် ပေးရတဲ့ ငွေကြေး အဖြစ် မှတ်တမ်း ၀င်သွား ပါတယ်။

တရုတ်စူပါလိဂ်ကလပ်တွေဟာ ၁၀ ရက်အတွင်းမှာ တတိယမြောက် နာမည်ကြီး ကစားသမားတယောက်ကို ခေါ်ယူလိုက်တာပါ။

အသက် ၂၆ နှစ်အရွယ် အဲလက် ထက်ရှီတာကို လီဗာပူးအသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတုန်းမှာ တရုတ်ကလပ် ဂျန်ဆုက ခေါ်ယူသွားတာ ဖြစ်ပါတယ်။

တရုတ်ကလပ်တွေဟာ ချဲလ်ဆီး ကွင်းလယ်သမားဟောင်း ရာမီရက်စ်၊ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူးဟောင်း မာတီနက်ဇ်တို့ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ခေါ်ယူထားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/134250


No comments:

Post a Comment