ဖေဖော်ဝါရီ ၂၃ ရက် ညက ယှဉ်ပြိုင် သွားတဲ့ ချန်ပီယံလိဂ် ဒုတိယ အဆင့် ရှုံးထွက် ပြိုင်ပွဲရဲ့ ပထမ အကျော့ ပွဲစဉ်မှာတော့ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်နဲ့ ဂျာမန် ဘွန်ဒစ် လီဂါက ဘိုင်ယန်မြူနစ်တို့ ၂ ဂိုးစီ သရေကျ ခဲ့ပါတယ်။
ဂျူဗင်တပ် ကွင်းမှာ ကစားရတဲ့ ပွဲမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မူလာက ပထမပိုင်း ပွဲချိန် ၄၃ မိနစ်မှာ အဖွင့်ဂိုး သွင်းယူပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ခဲ့ပါတယ်။
ပထမပိုင်း တပိုင်းလုံး ပွဲကို ဘိုင်ယန်တို့က စိုးမိုးထားနိုင် ခဲ့ပါတယ်။
ဒီနောက် ဒုတိယပိုင်း ၅၅ မိနစ်မှာ ရော်ဘင်က ဒုတိယဂိုး သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂျူဗင်တပ်တို့ နောက်ကနေလိုက်ကစားပြီး ချေပဂိုး ၂ ဂိုးလုံးကို ပွဲချိန် ၆၃ မိနစ်နဲ့ ၇၆ မိနစ်မှာ သွင်းယူသွားခဲ့ပါတယ်။
ဒီပွဲ ဘောလုံးပိုင်ဆိုင်မှုမှာ ဘိုင်ယန်မြူးနစ် အသာစီးရခဲ့ပေမယ့် ဂျူဗီတို့က ဒုတိယပိုင်းမှာ အကောင်းဆုံး ပြန်လည် တုံ့ပြန်နိုင်တဲ့အတွက် အခုလို သရေကျသွားတာ ဖြစ်ပါတယ်။ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ မတ် ၁၆ ရက် ဘိုင်ယန်မြူးနစ် ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/136697
No comments:
Post a Comment