
ဓာတ်ပုံ - Getty Images
ဖေဖော်ဝါရီ ၂၀ ရက်နေ့ ယှဉ်ပြိုင် ခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ၀က်စ်ဘရွန်းနဲ့ ပထမတန်းက ရီဒင်း အသင်းတို့ရဲ့ အက်ဖ်အေ ဖလားပြိုင်ပွဲမှာ ၀က်စ်ဘရွန်း ကစားသမားကို အကြွေစေ့နဲ့ ပစ်ပေါက် ခဲ့တဲ့ ပရိသတ်ကို ဖမ်းဆီး လိုက်ပါတယ်။
အားပေးတဲ့ ပရိသတ်ကို ဘောလုံးကန် အင်္ကျီပေးဖို့ သွားရောက်တဲ့ ၀က်စ်ဘရွန်း အလယ်တန်း ကစားသမား ခရစ္စဘရန့်ကို ပရိသတ်က ပစ်ပေါက် ခဲ့ပြီး နောက်ပိုင်း ရဲတွေက စုံစမ်းခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်မှာ အမျိုးသား တဦးကို ဖမ်းဆီး လိုက်တာလို့ ရဲတွေက ပြောပါတယ်။ ဒီလို ပစ်ပေါက်ခံ ရတဲ့ အတွက် ရှက်ရွံ့မိတယ်လို့ ဘရန့်က ပြောပါတယ်။
ကျူးလွန်တဲ့ လက်သည်ကို အပြင်း ထန်ဆုံး ပြစ်ဒဏ် ချမှတ် မယ်လို့ ၀က်စ်ဘရွန်းက ပြောပါတယ်။
ဒီပွဲမှာ ၀က်စ်ဘရွန်းက ရီဒင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/136706





No comments:
Post a Comment