မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, February 9, 2016

စာချုပ်သက်တမ်း မကုန်ခင် အသင်းပြောင်းမည် မဟုတ်ဟု ရော်နယ်ဒို ပြော




စပိန်ထိပ်သီး ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး ခရစ်စတီ ယာနို ရော်နယ်ဒိုက စာချုပ် သက်တမ်း မကုန်ခင် အထိ အသင်းပြောင်းမှာ မဟုတ်ဘူးလို့ ပြောဆို လိုက်ပါတယ်။

ရော်နယ်ဒိုရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ ၂၀၁၈ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် စီ ရိုနယ်ဒိုကို အသင်းဟောင်း မန်ယူနဲ့ ပြင်သစ် နာမည်ကျော် ကလပ် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူဖို့ မကြာခဏ ချိတ်ဆက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။

ရီးရဲလ်မှာ နောက်ထပ် ၂ နှစ်လောက် ဆက်ပြီး နေဦးမှာပါ။ စာချုပ်သက်တမ်း ကုန်တဲ့အထိပေါ့လို့ ပေါ်တူဂီ တိုက်စစ်မှူးက ပြောပါတယ်။

သူဟာ ရီးရဲလ်ကို ၂၀၀၉ မှာ မန်ယူကနေ ပြောင်းရွှေ့လာတာပါ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက သွင်းဂိုး ၄၈ ဂိုးနဲ့ ဂိုးသွင်း အများဆုံးသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

တိုက်စစ်မှူးဟာ ရီရဲလ်မှာ ကစားတဲ့ ပွဲပေါင်း ၂၂၃ ပွဲမှာ ၂၄၄ ဂိုး သွင်းယူပေးထားပြီး ကမာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၃ ကြိမ် ရယူထားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/134614


No comments:

Post a Comment