ပီအက်စ်ဂျီ အသင်း အနေနဲ့ ပြင်သစ် လိဂ်အမှတ်ပေး ပွဲစဉ်မှာ ရှုံးပွဲ မရှိသေးတဲ့ စံချိန်ကို တင်နိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာ လိမ့်မယ်လို့ အသင်း aခါင်းဆောင် တီယာဂို ဆေးဗါးက ပြောဆို လိုက်ပါတယ်။
ပီအက်စ်ဂျီ အသင်းဟာ နောက်ဆုံး ကစားတဲ့ မာဆေးနဲ့ ပွဲမှာ အနိုင်ရပြီး အမှတ်ပေးလိဂ် ချန်ပီယံ ဆုကို ၄ ကြိမ် ဆက်တိုက် ရယူဖို့ နီးစပ်နေ ပါတယ်။
လောလောဆယ်မှာ ပီအက်စ်ဂျီမှာ အမှတ်ပေး ဇယားထိပ်မှာ ဦးဆောင်နေပြီး ဒုတိယ နေရာက အသင်းကို ၂၄ မှတ် ဖြတ်ထား ပါတယ်။
ဒါ့အပြင် ကစားထားတဲ့ ပြင်သစ်လီဂူး အမှတ်ပေးလိဂ်မှာလည်း ၂၅ပွဲ မှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကိုလည်း တင်ထားပါတယ်။
ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလိုပဲ ဒီနှစ်မှာလည်း ပြင်သစ်မှာ ဆုဖလားတွေ သိမ်းကျုံးယူနိုင်ဖို့ နီးစပ်နေပါတယ်။
နောက်တပတ်ထဲ မှာတော့ ပီအက်စ်ဂျီဟာ ချဲလ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာပါ။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/134638
No comments:
Post a Comment