
ယူရိုပါလိဂ် ရှုံးထွက် အဆင့် ပထမ အကျော့ ပွဲစဉ် အဖြစ် လီဗာပူးနဲ့ မန်ယူတို့ မတ်လ ၁၀ ရက်ညက ယှဉ်ပြိုင်ရာ လီဗာပူးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
လီဗာပူး အတွက် ပထမဂိုးကို မိနစ် ၂၀ မှာ ပယ်နယ်တီက တဆင့် စတာရစ်ခ်ျက သွင်းယူ ပါတယ်။
မန်ယူ အသင်းဟာ ဒီပွဲမှာ ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင် ခဲ့သလို ဘောလုံး ပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့် တွေမှာလည်း လီဗာပူးကပဲ အသာရ ခဲ့တာပါ။
မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြပြီး ကာကွယ်နိုင် ခဲ့လို့သာ မန်ယူ ဒီ့ထက် ဂိုးပြတ် မရှုံး ခဲ့တာဖြစ်ပါတယ်။
လက်စွမ်းပြခဲ့တဲ့ မန်ယူဂိုးသမား ဒီဂီယာလည်း ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။
လီဗာပူးအတွက် ဒုတိယဂိုးကိုတော့ ၇၃ မိနစ်မှာ ဖာမီနိုက သွင်းယူပေးခဲ့ပါတယ်။
မန်ယူနဲ့ လီဗာပူး ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မတ်လ ၁၇ ရက်နေ့ကျရင် မန်ယူအိမ်ကွင်းမှာ ပြန်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/138987

No comments:
Post a Comment