
ယူရိုပါလိဂ် ရှုံးထွက် အဆင့် ပထမ အကျော့ပွဲစဉ် အဖြစ် ဒေါ့မွန်နဲ့ တော့တင်ဟမ် ဟော့စပါးတို့ မတ်လ ၁၀ ရက်ညက ယှဉ်ပြိုင်ရာ ဒေါ့မွန်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်တဆင့် တက်ဖို့ အခြေအနေ ကောင်းသွား ပါတယ်။
အဓိက ကစားသမားတချို့ကို အနားပေးပြီး အရန်ကစားသမားအချို့နဲ့ ပွဲထွက်လာတဲ့ စပါးဟာ ဒေါ့မွန်ကို မယှဉ်နိုင်ဘဲ ဂိုးပြတ် အရှုံးပေးလိုက်ရတာပါ။
ဒီပွဲမှာ ဒေါ့မွန်က ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်သလို ဂိုးကန်သွင်းခွင့်မှာလည်း အသာစီး ရယူနိုင်ခဲ့ပါတယ်။
ဒေါ့မွန်အတွက် ဂိုးတွေကို ပွဲချိန် မိနစ် ၃၀ မှာ အော်ဘာမီယန်းက ပထမဂိုး၊ ၆၁ မိနစ်နဲ့ မိနစ် ၇၀ တို့မှာ မာကိုရူးစ်က နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ မာကိုရူးစ်ကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒေါ့မွန်နဲ့ စပါးတို့ ဒုတိယအကျော့ပွဲစဉ်အဖြစ် စပါးကွင်းမှာ မတ်လ ၁၇ ရက်ကျရင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/138990

No comments:
Post a Comment