မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 21, 2016

အော့စ်ဘတ် ၁ – ၃ ဒေါ့မွန် (ရုပ်သံဟိုက်လိုက်)




မတ် ၂၀ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ဂျာမန် ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဒေါ့မွန်က နောက်ကနေ လိုက်ကစား ခဲ့ရပြီးမှာ အော့စ်ဘတ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ပထမပိုင်းအစမှာ ဒေါ့မွန်အသင်း ရုန်းကန်ကစားခဲ့ရပြီး အော့စ်ဘတ်က တန်ပြန်တိုက်စစ်ကနေ ၁၆ မိနစ်မှာ ဦးဆောင်ဂိုး စတင်သွင်းယူပါတယ်။

ဒေါ့မွန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စပါးနဲ့ ယူရိုပါလိဂ်ပွဲ ကစားထားလို့ ပွဲပန်းမှုဒဏ်နဲ့ ရင်ဆိုင်နေရတာပါ။

ပထမပိုင်း ပြီးကာနီးမှာ ဒေါ့မွန်အတွက် ချေပဂိုးကို မစ်ခီတာရန်းက သွင်းယူပါတယ်။

ဒီပွဲမှာ ဒေါ့မွန်က ဘောလုံးပိုင်ဆိုင်မှု တဘတ်သတ် အသာစီးယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ရခဲ့ပါတယ်။

အိမ်ရှင်အသင်းကတော့ တန်ပြန်တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။

ဒေါ့မွန်အတွက် ဒုတိယဂိုးကို ၆၉ မိနစ်မှာ ကက်စထရို၊ တတိယဂိုးကို ၇၅ မိနစ်မှာ ရာမို့စ်က သွင်းယူပါတယ်။

ဒီပွဲနိုင်လို့ ဒေါ့မွန်ဟာ ၆၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ်ရဲ့နောက် ၅ မှတ်အကွာကနေ ဖိအားပေးနေဆဲ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/140361


No comments:

Post a Comment