မတ် ၂၀ ရက်ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာက ၂ ဂိုးအသာနဲ့ ဦးဆောင်ပြီးမှ ဗီလာရီးရဲလ်နဲ့ သရေကျသွားပါတယ်။
ဘာကာအတွက် အဖွင့်ဂိုးကို ရာကစ်တစ်က မိနစ် ၂၀ မှာ သွင်းယူပါတယ်။
ဘာကာရော ဗီလာရီးရဲလ်ပါ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဥရောပပြိုင်ပွဲတွေ ကစားထားပါတယ်။
ဘာကာအတွက် ဒုတိယဂိုးကို ၄၁ မိနစ်မှာ တိုက်စစ်မှူး နေမာက ပင်နယ်တီကနေတဆင့် သွင်းယူပါတယ်။
ဒီပွဲမှာ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့်လည်း ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။
ဗီလာရီးရဲလ်အတွက် ဒုတိယချေပဂိုးကို တဘက်ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။
ဒီပွဲသရေကျပေမယ့် ဘာကာက ၇၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်ဦးဆောင်နေပြီး ဒုတိယနေရာက အက်သလက်တီကိုကို ၉ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။
ဗီလာရီးရဲလ်က ၅၄ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/140357
No comments:
Post a Comment