
ဆေးစစ်တာ မအောင်မြင် ဖြစ်ခဲ့တဲ့ ရုရှား တင်းနစ်မယ် မာရီယာ ရှာရာပိုဗာကို ကုလသမဂ္ဂ ချစ်ကြည်ရေး သံတမန် အဖြစ် ကနေ ရပ်တန့် ထားပါတယ်။
ဇန်န၀ါရီက ဆေးစစ်ရာမှာ အသက် ၂၈ နှစ် အရွယ် ရှာရာပိုဗာက မယ်ဒိုနိုနီယမ် တွေ့ရှိခဲ့သလို မတ် ၁၂ ရက်မှာတော့ တင်းနစ် ကစားဖို့ကို ယာယီ ရပ်ဆိုင်း ခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာ ရှာရာပိုဗာရဲ့ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က ထုတ်ပြန်ပါတယ်။
၂၀၀၇ ခုနှစ်က ဒီရာထူးကို သူမ တာဝန်ယူခဲ့တာဖြစ်ပြီး ကုလသမဂ္ဂကို ထောက်ပံ့တဲ့ ရှာရာပိုဗာရဲ့ လုပ်ဆောင်ချက်ဟာ အသုံးဝင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးစစ်တာ ကျရှုံးခဲ့ပြီးတဲ့နောက် အားကစားကုမ္ပဏီ နစ်ကီ၊ ဆွစ်နာရီနဲ့ ဂျာမနီကား ပေါ့ရှေး တို့ကလည်း ရှာရာပိုဗာနဲ့ ဆက်သွယ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139665





No comments:
Post a Comment