ရတနာပုံ အသင်း၌ စည်သူအောင် ပါဝင် ကစားနေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)
မတ် ၁၆၊ ရန်ကုန်
အသင်း လေ့ကျင့်ရေး အစီအစဉ်သို့ နောက်ကျမှ ရောက်လာသည့် အတွက် နည်းပြ ရီနီနှင့် ပြဿနာ ဖြစ်ခဲ့သော နောက်ခံလူ စည်သူအောင်မှာ ရတနာပုံ အသင်းတွင်သာ ဆက်ရှိ နေမည်ဟု အသင်းမှ တရားဝင် သတင်း ထုတ်ပြန် ခဲ့သည်။
စည်သူအောင်မှာ ယင်းပြဿနာကြောင့် အသင်းတွင် လေ့ကျင့်ခန်း ဆင်းခွင့် မရပဲ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂ ပွဲ ကိုလည်း လွဲချော်ခဲ့သည်။
ကျွန်တော် အသင်းပိုင်ရှင်နဲ့ စကားပြောပြီး ပါပြီ။ ဖြစ်ခဲ့တဲ့ ပြဿနာတွေ အတွက် အားလုံးကို တောင်းပန် ပါတယ်။ ကျွန်တော့် အနေနဲ့ရတနာပုံ အသင်းမှာပဲ ဆက်နေ ပြီး ပွဲထွက်ခွင့် ပြန်ရအောင် ကြိုးစားမှာပါ။
အသင်းအတွက် ကျွန်တော် တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေး ချင်ပါ တယ်။ ဟု စည်သူအောင်က ပြောသည်။
စည်သူအောင်မှာ ၂၀၁၅ ဆီးဂိမ်းတွင် မြန်မာယူ-၂၃ အသင်းအတွက် ငါးဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ထိုင်း၊ ဗီယက်နမ် ကစားသမားများနှင့် အတူ ဂိုးအများဆုံး သွင်းသူ အဖြစ် ပူးတွဲ ရပ်တည်နိုင် ခဲ့ကာ မြန်မာ ပရိသတ် အကြားတွင် ကျော်ကြား လာသည်။
၎င်းမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားမည့် မြန်မာ့ လက်ရွေးစင် အသင်းအတွက် အရွေးချယ် ခံခဲ့ရသော်လည်း အချိန်မှီ သတင်း မပို့သဖြင့် မြန်မာနေရှင်နယ်လိဂ် ခြောက်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံ ခဲ့ရသည်။
မဇ္ဈိမသတင်း by ရဲရင့်ဋ္ဌေး
Originally published at - http://mizzimaburmese.com/article/12396
No comments:
Post a Comment