မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 13, 2016

ဘာစီနှင့် ဘိုင်ယန်မြူးနစ် နှစ်သင်းပေါင်း ၁၁ ဂိုးထိ သွင်းယူ (ရုပ်သံဟိုက်လိုက်)




မတ် ၁၂ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန် လာလီဂါနဲ့ ဂျာမန် ဘွန်ဒစ် လီဂါ ပွဲစဉ်တွေမှာ နာမည်ကြီး ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် တို့က နှစ်သင်းပေါင်း ၁၁ ဂိုးထိ သွင်းယူ ခဲ့ကြပါတယ်။

စပိန်လာလီဂါ ပွဲစဉ်မှာတော့ ဘာစီလိုနာက ဂီတာဖေးအသင်းကို ၆ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဘာစီလိုနာအတွက်တော့ ၁၂ ပွဲဆက်တိုက် အနိုင်ရတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

အနိုင်ဂိုးတွေကို တဖက်ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ စရတာပါ။

ကျန်ဂိုးတွေကို ဟတ်တာဒီက ၁ ဂိုး၊ နေမာက ၂ ဂိုး၊ မက်ဆီက ၁ ဂိုးနဲ့ တူရန်က ၁ ဂိုး အသီးသီးသွင်းယူပါတယ်။

ဒီပွဲမှာ တိုက်စစ်မှူး မက်ဆီ ပင်နယ်တီ ကန်တာ လွဲချော်ခဲ့ပေမယ့် အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ၃ ဂိုးအထိ ဖန်တီး ပေးခဲ့ ပါတယ်။

နိုင်ပွဲဆက်တဲ့ ဘာစီလိုနာက ၇၅ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပြီး ဂတ်တာဖေးက ၂၇ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။



ဂျာမန် ဘွန်ဒစ်လီဂါ ပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ၀ါဒါဘရီမင်အသင်းကို ၅ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။

ဘိုင်ယန်အတွက် ဂိုးတွေကိုတော့ ၉ မိနစ်နဲ့ မိနစ် ၉၀ မှာ သီယာဂိုက ၂ ဂိုး၊ ၃၁ နဲ့ ၆၅ မိနစ်မှာ မူလာက ၂ ဂိုးနဲ့ ၈၆ မိနစ်မှာ လီဝန်ဒေါ့စကီးက ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲအနိုင်ကြောင့် ရမှတ် ၆၆ မှတ်နဲ့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ဆက်လက်ဦးဆောင်နေပြီး ရမှတ် ၂၇ နဲ့ အဆင် ၁၅ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139228


No comments:

Post a Comment