
မတ် ၁၂ ရက်ညက ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေဖလား ကွာတား ဖိုင်နယ်ပွဲစဉ်မှာ အဲဗာတန်က ချဲလ်ဆီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ပွဲစတာနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်သွားပြီး အဲဗာတန်က ခပ်မာမာ တုံ့ပြန် ကစားသွား ပါတယ်။
ချဲလ်ဆီးအသင်း ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်ပေမယ့် တဖက် ခံစစ်ကြောင်းထဲကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းတော့ မရှိပါဘူး။
အဲဗာတန်က ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းလာပြီး ချဲလ်ဆီး နောက်တန်းကို ပိုပြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဦးဆောင်ဂိုးကို ၇၇ မိနစ်မှာ တိုက်စစ်မှူး လူကာကူက တဖက်နောက်တန်းကို ထိုးဖောက်ပြီး သွင်းယူပါတယ်။ ဒုတိယဂိုးကိုလည်း ချဲလ်ဆီး နောက်တန်းရဲ့ လူကပ် မထားတဲ့ အမှားကနေ လူကာကူကပဲ သွင်းယူပါတယ်။
၈၄ မိနစ်မှာ အဲဗာတန် ကွင်းလယ်သမား ဘာရီရဲ့ ဖျက်ထုတ်မှုကြောင့် စကားများရာကနေ ချဲလ်ဆီး တိုက်စစ်မှူး ကော်စတာ အထုတ်ခံလိုက်ရပါတယ်။ နောက် ၃ မိနစ်အကြာမှာ ဘာရီလည်း ဖျက်တာကြမ်းလို့ အထုတ်ခံလိုက်ရပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို တိုက်စစ်မှူး လူကာကူက ရရှိသွားပါတယ်။ အဲဗာတန်အတွက်တော့ ၂၀၁၂ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139237

No comments:
Post a Comment