
မတ် ၁၂ ရက်က ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် aတွမှာပဲ ဘုန်းမောက်နဲ့ ဆောက်သမ်တန်တို့ အနိုင်ရ သွားပါတယ်။
ဘုန်းမောက်က အိမ်ကွင်းမှာ ဆွမ်ဆီးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ဘုန်းမောက် အတွက်တော့ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် အနိုင်ရ သွားတာပါ။
ဒီပွဲမှာ ဆောက်သမ်တန်က ဘောလုံး ပိုင်ဆိုင်မှု ပိုရပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ ဆတူ ရခဲ့ပါတယ်။
ဒီပွဲနိုင်တဲ့ ဘုန်းမောက်က ၃၈ မှတ်နဲ့ အဆင့် ၁၃ မှာ ရှိနေပြီး ဆွမ်ဆီးက ၃၃ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
ဆောက်သမ်တန်ကတော့ အဝေးကွင်းမှာ စတုတ်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဆောက်သမ်တန်အတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာတင် ပယ်လီနဲ့ မာနီတို့က သွင်းယူပါတယ်။ စတုတ်အတွက်တော့ ချေပဂိုး ၁ဂိုးကို ၅၂ မိနစ်မှာ သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ ဆောက်သမ်တန်က ၄၄ မှတ်နဲ့ အဆင့် ၇၊ စတုတ်က ၄၃ မှတ်နဲ့ အဆင့် ၉ မှာ အသီးသီး ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139243

No comments:
Post a Comment