မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 13, 2016

မန်ယူအသင်း လက်ရှိ ကစားပုံ အလုပ်ဖြစ်ဆဲဟု နည်းပြပြော



Manchester United manager Louis Van Gaal reacts before their FA Cup fourth round soccer match against Cambridge United at Old Trafford in Manchester, northern England February 3, 2015. REUTERS/Phil Noble

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လက်ရှိ ကစားပုံဟာ အလုပ်ဖြစ် နေသေးတယ်လို့ နည်းပြ ဗန်ဂါးက ပြောဆိုလိုက် ပါတယ်။

မန်ယူဟာ ပြီးခဲ့တဲ့ တပတ်က ယူရိုပါလိဂ် ၁၆ အသင်း အဆင့် ရှုံးထွက် ပထမ အကျော့မှာ လီဗာပူးကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် ထားပါတယ်။

ကစားပုံဟာ အလုပ်ဖြစ်ပေမယ့် ရလဒ်တွေတော့ လုံလောက် အောင် မကောင်းဘူးလို့လည်း နည်းပြက ဆိုထား ပါတယ်။

ဒါ့အပြင် ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်လောက်အောင်အထိတော့ ကစားပုံက မလုံလောက်သေးဘူးလို့လည်း ပြောပါတယ်။

မန်ယူဟာ ဖြစ်နိုင်ချေ နည်းပေမယ့်လည်း လက်ရှိမှာတော့ ဖလား ၃ လုံး ရနိုင်သေးတဲ့ လမ်းကြောင်းပေါ်မှာပဲ ရှိနေပါတယ်။

မန်ယူဟာ ဒီညမှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် ၀က်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/139250


No comments:

Post a Comment