မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 16, 2016

ပယ်နယ်တီ အဆုံးဖြတ်ဖြင့် ကွာတားတက်သည့် အက်သလက်တီကို (ရုပ်သံ ဟိုက်လိုက်)




ချန်ပီယံလိဂ် ဒုတိယ အဆင့် ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ်မှာ စပိန် လာလီဂါ ကလပ် အက်သလက် တီကို မက်ဒရစ် အသင်းက နယ်သာလန် ကလပ် ပီအက်စ်ဗွီအိုင် ဟိုဗန် အသင်းကို ပင်နယ်တီ အဆုံး အဖြတ် ၈ ဂိုး ၇ ဂိုးနဲ့ အနိုင်ရပြီး ကွားတာ ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။

ဒီပွဲမှာ အက်သလက်တီကိုက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့် ၂၆ ကြိမ်အထိ ရရှိခဲ့ပေမယ့် ဂိုးရရှိခဲ့ခြင်း မရှိပါဘူး။

ပွဲကစားချိန်တွင်းမှာ ဂိုးမသွင်းယူနိုင်သလို ပထမအကျော့မှာလည်း ဂိုးမရှိ သရေကျထားတဲ့အတွက် ကွာတားဖိုင်နယ်တက်ရောက်ဖို့ ပယ်နယ်တီအဆုံးအဖြတ် ရယူခဲ့ပါတယ်။

ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာတော့ အက်သလက်တီကိုက အနိုင်ရရှိပြီး ၃ နှစ်ဆက်တိုက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်တာ ဖြစ်ပါတယ်။

အက်သလက်တီကိုဟာ စပိန်လာလီဂါ ပွဲစဉ်တွေမှာ သွင်းဂိုးများပေမယ့် ချန်ပီယံလိဂ်မှာတော့ ဂိုးရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

နောက်ဆုံး ကစားထားတဲ့ ချန်ပီယံလိဂ် ၁၇ ပွဲမှာ ၁၃ ပွဲအထိ ပေးဂိုး မရှိသေးပါဘူး။



by ဒီဗွီဘီ

Originally published at -


No comments:

Post a Comment