အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ စီးတီး အသင်းဟာ ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတား ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
မတ် ၁၆ ရက်က ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ပွဲစဉ်မှာ မန်စီးတီးနဲ့ ယူကရိန်း ကလပ် ဒိုင်နမို ကိယက်တို့ ဂိုးမရှိ သရေကျ အပြီးမှာ ကွာတားကို တက်ရောက် သွားတာပါ။
မန်စီးတီးရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒုတိယ အကျော့ပွဲစဉ် ပထမပိုင်းမှာ နှစ်သင်းစလုံး ထိထိ aရာက်ရောက် ထိုးဖောက်နိုင်ခြင်းတော့ မရှိပါဘူး။
ဒိုင်နမိုကိယက်က ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ နာဗက်စ်နဲ့ တိုရေးရဲ့ ကန်ချက်တွေ မတိကျလို့ ဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာတုန်းက မန်စီးတီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ပွဲပေါင်းရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ပဲ နောက်တဆင့်ကို တက်ရောက်သွားတာပါ။
မန်စီးတီးဟာ ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ ဘာစီလိုနာကို ရှောင်ပြီး နောက်တဆင့်တက်ဖို့ မျှော်လင့်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139646
No comments:
Post a Comment