
ဒဏ်ရာကနေ သက်သာ လာတဲ့ မန်စီးတီး ကွင်းလယ် ကစားသမား ယာယာ တိုရေးဟာ မတ်လ ၁၅ ရက် ဒိုင်နမို ကိယက်ဗ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ်မှာ ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ် အရွယ် တိုရေးဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ တပတ်က နောဝ်စ်ခ်ျနဲ့ ဂိုးမရှိ သရေကျတဲ့ ပွဲမှာ ပါဝင်နိုင် ခဲ့ခြင်း မရှိပါဘူး။
စီးတီးနည်းပြ ပယ်လီဂရီနီကတော့ ယာယာတိုရေးရဲ့ ဒဏ်ရာက ပြဿနာ မရှိဘူးလို့ ပြောပါတယ်။
မန်စီးတီးဟာ ရှုံးထွက် ပထမအကျော့မှာ ဒိုင်နမိုကိယက်ဗ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။
ဒါကြောင့် ဒီည အိမ်ကွင်းမှာ ကစားမယ့် ပွဲစဉ်မှာ မန်စီးတီးဟာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့ ရေပန်းစားနေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139493





No comments:
Post a Comment