မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, March 12, 2016

ဂျူဗင်တပ်စ် ၁ – ၀ ဆိုဆူလို (ရုပ်သံ ဟိုက်လိုက်)




မတ် ၁၂ ရက်က ကစား သွားတဲ့ အီတလီ စီးရီးအေ ပြိုင်ပွဲမှာ ဂျူဗင်တပ်စ်က ဆိုဆူလိုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။

ပထမပိုင်း ၃၆ မိနစ်မှာ ဂျူဗင်တပ်စ် အသင်းက ဒီပွဲ အတွက် တလုံး တည်းသော အနိုင်ဂိုးကို ပေါ်လို ဒီဘာလာက သွင်းယူ ပါတယ်။

ဂျူဗင်တပ်စ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ကစား သွားနိုင်ခဲ့သလို ကန်သွင်းခွင့်တွေလည်း ဆိုဆူလိုထက် အသာစီးရခဲ့ပါတယ်။

ဂျူဗင်တပ်စ်က ၃-၅-၂ ကစားပုံနဲ့ကစားပြီး ကွင်းလယ်ကို အသားစီးရယူဖို့ ကြိုးစားခဲ့တာကို ဆိုဆူလိုက ၄-၃-၃နဲ့ ကစားကွက်နဲ့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ဒီပွဲမှာ ဆိုဆူလို ကစားသမား ၃ ဦး အ၀ါကတ်ပြခံခဲ့ရပေမယ့် ဂျူဗင်တပ်စ်ကစားသမားတွေကတော့ တဦးတယောက်မှ အ၀ါကတ်ထိခဲ့ခြင်းမရှိပါဘူး။

အမှတ်ပေးဇယားမှာတော့ ဂျူဗင်တပ်စ်အသင်းက ၂၉ ပွဲကစား ၆၇ မှတ်နဲ့ ပထမ ဆိုဆူလိုကတော့ ၂၉ ပွဲကစား ၄၄ မှတ်နဲ့ နံပါတ် ၇ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/139104


No comments:

Post a Comment