မတ် ၁၃ ရက်ညက ယှဉ်ပြိုင် ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးက တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ခြေစွမ်းပြ သွင်းဂိုးတွေနဲ့ အက်စ်တွန် ဗီလာကို အနိုင်ရ သွားပါတယ်။
စပါးဟာ ဒီပွဲမှာ အနိုင်ရဖို့ လူစုံထုတ် ယှဉ်ပြိုင်သွားသလို ကစားရှိန်တင်ပြီး ကစားသွားပါတယ်။
စပါးက ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
ဗီလာ နောက်တန်းနဲ့ ဂိုးသမား ကာကွယ်နိုင်လို့ စောစောစီးစီး ဂိုးမပေးရတာပါ။
၄၅ မိနစ်မှာတော့ စပါးအတွက် ဦးဆောင်ဂိုးကို ကိန်းက သွင်းယူပါတယ်။
စပါးဟာ အမှတ်ပေးဇယားထိပ်က လက်ဆက်စတာကို အနီးကပ်ဆုံး ဖိအားပေးနေတဲ့အသင်းလည်း ဖြစ်ပါတယ်။
ဒုတိယဂိုးကို ၄၇ မိနစ်မှာ ကိန်းကပဲ သွင်းယူပါတယ်။
ဒုတိယပိုင်း ပြီးကာနီးမှာ ဗီလာက ချေပဂိုး ၂ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးကံခေပြီး အရှုံးပေးလိုက်ရပါတယ်။
ဒီပွဲနိုင်တဲ့ စပါးက ၅၈ မှတ်နဲ့ ဇယားထိပ်က တပွဲလျော့ လက်ဆက်စတာအသင်းရဲ့နောက် ၂ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
ဗီလာကတော့ ၁၆ မှတ်နဲ့ တန်းဆင်းရဖို့ ပိုပြီး နီးစပ်သွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139340
No comments:
Post a Comment