မတ် ၁၃ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား ကွာတားဖိုင်နယ်မှာ ၀တ်ဖို့ဒ်က လက်ရှိ ချန်ပီယံ အာဆင်နယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
အခု အရှုံးဟာ အာဆင်နယ် အတွက် အိမ်ကွင်းမှာ ၃ ပွဲဆက်တိုက် အရှုံးနဲ့ ရင်ဆိုင် ရတာပါ။
ဒီပွဲမှာ အာဆင်နယ်အသင်းက တဘက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် တဘက်နောက်တန်းက ကာကွယ်နိုင်ခဲ့ပါတယ်။
ဝတ်ဖို့ဒ်အတွက် ဦးဆောင်ဂိုးကို ဒုတိယပိုင်းအစ မိနစ် ၅၀ မှာ သွင်းယူပါတယ်။
ဒီပွဲမှာ အာဆင်နယ်အသင်း ကစားပုံ လေးနေပြီး ထိထိရောက်ရောက် တိုက်စစ်ဆင်တာတွေ မလုပ်နိုင်ခဲ့ပါဘူး။
ဝတ်ဖို့ဒ်အတွက် ဒုတိယဂိုးကို ၆၃ မိနစ်မှာ သွင်းယူပါတယ်။
အဲဒီနောက် အာဆင်နယ် လူစားလဲမှုတွေ ပြုလုပ်ခဲ့ပြီး ချေပဂိုး ၁ ဂိုးကို ၈၈ မိနစ်မှာ ၀ဲလ်ဘက်က သွင်းယူပါတယ်။
ဒီပွဲနိုင်တဲ့ ၀တ်ဖို့ဒ်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139334
No comments:
Post a Comment