မတ် ၁၃ ရက်နေ့ ညက ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား ကွာတား ဖိုင်နယ် ပွဲစဉ်မှာ မန်ယူ အသင်းဟာ နောက်ကနေ လိုက်ကစားရ အပြီး ၀က်စ်ဟမ်းနဲ့ ၁ ဂိုးစီ သရေကျ သွားပါတယ်။
ဝက်စ်ဟမ်းက ပထမပိုင်းမှာ ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပြီး ဂိုးသမား ဒီဂီယာ ကာကွယ်မှုတွေ လုပ်ခဲ့ ရပါတယ်။
ဝက်စ်ဟမ်း အတွက် ဦးဆောင်ဂိုးကို ၆၈ မိနစ်မှာ ပေရက်က ဖရီးကစ်ကနေ တိုက်ရိုက် သွင်းယူပါတယ်။
ဦးဆောင်ဂိုး ပေးလိုက် ရပြီး နောက်ပိုင်းမှာ မန်ယူအသင်းက ဘောလုံး ပို်င်ဆိုင်မှု အသာနဲ့ ဖိအားပေး ကစားနိုင် ခဲ့ပါတယ်။
မန်ယူအတွက် ချေပဂိုးကို ၈၃ မိနစ်မှာ တိုက်စစ်မှူး မာရှယ်က သွင်းယူပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ ၀က်စ်ဟမ်း ကစားသမား ပေရက်က ရရှိသွားပါတယ်။
ဒီပွဲသရေကျလို့ မန်ယူဟာ ၀က်စ်ဟမ်းရဲ့ အိမ်ကွင်းမှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်ကို ပြန်လည် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/139331
No comments:
Post a Comment