
မတ် ၁၇၊ အင်္ဂလန်
ချန်ပီယံလိဂ် ရှုံးထွက် အဆင့်တွင် အာဆင်နယ် အသင်း ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရသော်လည်း တစ်ဖက်တွင် ဂျူဗင်တပ်စ်အသင်း ကလည်း ဘိုင်ယန်ကို ရှုံးပြီး ပြိုင်ပွဲမှ ထွက်ခဲ့ ရသည့် အတွက် အင်္ဂလန် ကိုယ်စားပြု အသင်းများ အနေဖြင့် ချန်ပီယံလိဂ် ၀င်ခွင့်လေးနေရာ ဆက်လက် ရရှိနေဦးမည် ဖြစ်သည်။
လက်ရှိတွင် ချန်ပီယံလိဂ် ပြိုင်ပွဲ၌ အင်္ဂလန် ကိုယ်စားပြု အသင်းအဖြစ် မန်စီးတီး အသင်း ကျန်ရှိနေသေးပြီး အီတလီ အသင်းများ အားလုံးပြိုင်ပွဲမှ ထွက်ခဲ့ရပြီ ဖြစ်သည်။
ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း အီတလီ ကိုယ်စားပြု အဖြစ် လာဇီယို တစ်သင်းသာ ကျန်ရှိတော့ပြီး အင်္ဂလန်အသင်းများ အဖြစ် မန်ယူ၊ လီဗာပူးလ်၊ စပါးတို့ ကျန်ရှိနေကာ အနည်းဆုံး တစ်သင်း ကျန်ရှိ ဦးမည် ဖြစ်သည်။
ယခုနှစ်တွင် အီတလီအသင်းများ အနေဖြင့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တွင် နောက်ဆုံး အဆင့်များသို့ တက်ရောက်နိုင် ခဲ့ပါက လာမည့် ၂၀၁၇-၁၈ ရာသီတွင် အင်္ဂလန် အသင်းများ ချန်ပီယံလိဂ် ၀င်ခွင့် သုံးနေရာသာ ရရှိတော့မည် ဖြစ်သော်လည်း လက်ရှိတွင် လာဇီယို အသင်း ယူရိုပါလိဂ်ဖလား ရရှိလျှင်သော်မှ မဖြစ်နိုင်တော့ပေ။
ယူအီးအက်ဖ်အေ၏ ချန်ပီယံလိဂ် ၀င်ခွင့်အဆင့် သတ်မှတ်ချက်ကို ပြီးခဲ့သည့် ငါးနှစ်အတွင်း အသင်းများ၏ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ပြိုင်ပွဲများ၌ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး သတ်မှတ်ခြင်း ဖြစ်သည်။
လက်ရှိတွင် အင်္ဂလန်မှာ အီတလီထက် ရမှတ် ၃ ဒသမ ၉၇ မှတ် အသာရလျက်ရှိသည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း
မဇ္ဈိမသတင်း by အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com/article/12421





No comments:
Post a Comment