
မတ်လ ၈ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ်မှာ ရီးရဲလ်မ က်ဒရစ်က ရိုးမားကို ၂ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆၄ မိနစ်မှာ စီရော်နယ်ဒိုနဲ့ ၆၈ မိနစ်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့က သွင်းယူပေးခဲ့တာပါ။
စီရော်နယ်ဒိုအတွက်တော့ ဒီရာသီ ပွဲစဉ်အရပ်ရပ်မှာ ရီးရဲလ်မက်ဒရစ်အတွက် သွင်းယူခဲ့တဲ့ ၄၀ ဂိုးမြောက်လည်း ဖြစ်ပါတယ်။
ဒီပွဲမှာ နှစ်ဘက်အသင်း ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာပေမယ့်လည်း ဂိုးကန်သွင်းခွင့်မှာတော့ ရီးရဲလ်မက်ဒရစ်က ပိုသာခဲ့ပါတယ်။
ရှုံးထွက်ပထမအကျော့အဖြစ် ရိုးမားကွင်းမှာ ကစားခဲ့စဉ်ကလည်း ရီးရဲလ်ကပဲ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်း ၄ ဂိုးပြတ်နဲ့ ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/138689





No comments:
Post a Comment