မတ်လ ၈ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ်မှာ ဂျာမန်ကလပ် ၀ုဖ်ဘတ်က ဘယ်လ်ဂျီယံ ကလပ် ဂျန့်ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ကွာတား ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
ဝုဖ်ဘတ် အတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၇၄ မိနစ်မှာ အန်ဒရေ ရှာရယ်လ် (Andre Schuerrle) က သွင်းယူပေး ခဲ့တာပါ။
ဒီပွဲမှာ ဘယ်လ်ဂျီယံကလပ် ဂျန့်က ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ ၀ုဖ်ဘတ်က အသာရခဲ့ပါတယ်။
ပထမအကျော့ ဂျန့်ကွင်းမှာ ကန်ခဲ့တုန်းကလည်း ၀ုဖ်ဘတ်ကပဲ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ခဲ့တာမို့ နှစ်ကျော့ပေါင်း ၄ ဂိုး ၂ ဂိုးနဲ့ ၀ုဖ်ဘတ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/138699
No comments:
Post a Comment