မတ် ၁၀ ရက်က ကစားတဲ့ ချန်ပီယံလိဂ် ဒုတိယ အဆင့် ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ်မှာ ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ) နဲ့ ဘင်ဖီကာတို့ အနိုင်ရရှိပြီး ကွားတား ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
ပြင်သစ် ပီအက်စ်ဂျီက အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိ သွားပါတယ်။
ပထမပိုင်း ၁၆ မိနစ်မှာ ပီအက်စ်ဂျီက အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ၂၇ မိနစ်မှာ ချဲလ်ဆီးက ချေပဂိုးသွင်းယူတဲ့ အတွက် ပထမပိုင်းမှာ ၁ ဂိုးစီသရေကျခဲ့ပါတယ်။
ဒုတိယပိုင်း ၆၇ မိနစ်မှာတော့ ပီအက်စ်ဂျီက ဒုတိယဂိုးသွင်းယူပြီး ၂ ဂိုး ၁ ဂိုးနဲ့ ပွဲကို အဆုံးသတ်ခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော့စတာ ဒဏ်ရာရသွားလို့ ချဲလ်ဆီးအသင်း ရှေ့တန်း အားနည်းသွားသလို ပီအက်စ်ဂျီက တိုက်စစ်မှူး အဗရာမိုဗစ်က အကောင်းဆုံးကစားသွားခဲ့ပါတယ်။
ပထမအကျော့မှာလည်း ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့လို့ ၂ ပွဲပေါင်း ၄ ဂိုး ၂ ဂိုးနဲ့ ပီအက်စ်ဂျီက ကွားတားဖိုင်နယ်ကို တက်ရောက် သွားပြီဖြစ်ပါတယ်။
တခြား ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပေါ်တူဂီကလပ် ဘင်ဖီကာက ရုရှားကလပ် ဇင်းနစ် စိန့် ပီတာ စဘတ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ဒီပွဲပထမပိုင်းမှာ တဖက်နဲ့ တဖက်ဂိုးမသွင်းနိုင်လို့ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယပိုင်း ၆၉ မိနစ်မှာ ဇင်းနစ်က စတင်သွင်းယူပြီး ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။
ဒီနောက်မှာတော့ ဘင်ဖီကာက ဒုတိယပိုင်း ၈၅ မိနစ်နဲ့ နာကျင်အချိန်ပိုမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရရှိသွားတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဇင်းနစ်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကာ ကစားသွားခဲ့တာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/138876
No comments:
Post a Comment