
လာမယ့် ဘောလုံးရာသီ အဝေးကွင်း လက်မှတ်ဈေးနှုန်း ပေါင် ၃၀ သတ်မှတ်မယ့် အစီအစဉ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက သဘောတူညီလိုက်ပါတယ်။
ထိပ်တန်းကလပ် ၂၀ က အဝေးကွင်းပရိသတ်တွေကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ တညီတညွတ်တည်း သဘောတူညီခဲ့ပါတယ်။
လာမယ့် ဘောလုံးရာသီကနေ စတင်ပြီး အဝေးကွင်း လက်မှတ်အတွက် ပေါင် ၃၀ သာ ကောက်ခံသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ကြည့်ဖို့ မြင့်မားတဲ့ ဘောလုံးပွဲ လက်မှတ်ဈေးနှုန်းတွေနဲ့ ပတ်သက်ပြီး ငြင်းခုံ ပြောဆိုမှုတွေ ရှိနေပါတယ်။
အရင်ရက်ပိုင်းကလည်း လီဗာပူး ပရိသတ်တွေက လက်မှတ်ဈေး တိုးမြှင့်တဲ့အပေါ် ဆန္ဒပြဖို့ စည်းရုံးလုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် လီဗာပူးအသင်းက ဘောလုံးပွဲလက်မှတ်ဈေး တိုးမြှင့်မယ်လို့ ကြေညာခဲ့အပြီး ဆန်းဒါးလန်းနဲ့ ကစားတဲ့ပွဲမှာ ပရိသတ်တွေက ဆန္ဒပြတဲ့အနေနဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/138902

No comments:
Post a Comment