မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, April 1, 2016

ရီးရဲလ်နှင့်ပွဲတွင် ဂိုးသွင်းနိုင်ရန် ဘာစီတိုက်စစ်မှူး မက်ဆီ မျှော်လင့်




ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ရီးရဲလ်နဲ့ ပွဲမှာ ဂိုး ၅၀၀ ပြည့်နိုင်ဖို့ မျှော်လင့် နေပါတယ်။

မက်ဆီဟာ ကစားသမား ဘ၀ တလျှောက် ဂိုးပေါင်း ၄၉၉ ဂိုး သွင်းယူ ထားပြီး လာမယ့် ဧပြီ ၂ ရက်နေ့ ရီးရဲလ် မက်ဒရစ်နဲ့ ကစားမယ့်ပွဲမှာ ဂိုးသွင်းနိုင်မယ် ဆိုရင်တော့ ဂိုးပေါင်း ၅၀၀ ပြည့်မှာ ဖြစ်ပါတယ်။

မက်ဆီကတော့ ရီးရဲလ်နဲ့ ပွဲစဉ်မှာ ဂိုး ၅၀၀ ပြည့် သွင်းနိုင်မယ် ဆိုရင် အလွန်ကောင်းတဲ့ အခိုက်အတန့် ဖြစ်ပါ လိမ့်မယ်လို့ ပြောပါတယ်။

မက်ဆီဟာ နိုင်ငံအသင်းအတွက်လည်း ၁၀၇ ပွဲ ကစားပေးပြီး ဂိုး ၅၀ သွင်းထားသလို ဂိုးအများဆုံး သွင်းထားတဲ့ ဘာတစ္စတူတာရဲ့ စံချိန်ကို ချိုးဖို့လည်း နီးစပ်နေပါတယ်။

အာဂျင်တီးနား ဂန္ထ၀င်တိုက်စစ်မှူး ဘာတစ္စတူတာဟာ ၅၆ ဂိုးနဲ့ စံချိန်တင်ထားတာပါ။

မက်ဆီဟာ လက်ရှိမှာ တောင်အမေရိကဒေသ လက်ရွေးစင်အသင်းတွေရဲ့ ထိပ်တန်း ဂိုးသွင်းဘုရင် ၅ ဦးစာရင်းမှာ ပါဝင်ထားပြီး ဖြစ်ပါတယ်။

မက်ဆီဟာ အသက် ၁၈ နှစ်အရွယ် ၂၀၀၆ ခုနှစ်မှာ ခရိုအေးရှားနဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားအသင်းအတွက် ပထမဆုံး ဂိုးသွင်းပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလား ဆားဘီးယားအသင်းနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီး ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်မှာ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က ဘာစီလိုနာအသင်းကြီးမှာ စတင်ကစားခဲ့သူဖြစ်ပြီး ပွဲပေါင်း ၃၄၀ ကစားထားပြီး ဂိုးပေါင်း ၃၀၈ ဂိုး သွင်းပေးထားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/142567


No comments:

Post a Comment