မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, April 1, 2016

ဘောလုံး မျိုးဆက်သစ်များ အပြင်းထန် လေ့ကျင့်ရန် လိုဟု ဦးတင်မြင့်အောင် ပြော



ဦးတင်မြင့်အောင်။

ဘောလုံး မျိုးဆက်သစ် လူငယ်တွေ စိတ်ခံစားချက် များတာတွေ ပြင်သင့်တဲ့ အပြင် ကြံ့ခိုင်ဖို့ အတွက် ပြင်းပြင်း ထန်ထန် လေ့ကျင့်ဖို့ လိုအပ်တဲ့ အကြောင်း မြန်မာဘောလုံး အဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူးနဲ့ နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်က ထောက်ပြ လိုက်ပါတယ်။

နိုင်ငံခြား ဘောလုံး အသင်းတွေက မြန်မာ ဘောလုံး သမားတွေကို ငှားရမ်းခဲ့ ဖူးပေမယ့် လပိုင်းလောက်သာ ကစားခွင့် ရခဲ့ တာတွေနဲ့ ပတ်သက်ပြီး ဦးတင်မြင့်အောင်က ပြောဆို လိုက်တာပါ။

“အခုနောက်ပိုင်းမှာ ကျော်ဇေယျာဝင်းတို့၊ ပိုင်စိုးတို့ ထွက် ကစားတယ်။ ထွက်ကစားတဲ့ အခါမှာ ဒီကလေးတွေရဲ့ ဘောလုံး Talent (စွမ်းရည်) လေးတွေတော့ ရှိကြတာပေါ့။ ဒါပေမယ့် သူတို့အနေနဲ့ သွားကစားတဲ့ အခါမှာ သူတို့နိုင်ငံမှာ ရှိတဲ့ အသင်းတွေရဲ့ Fitness တို့ဘာတို့၊ နောက်တခုက Mentality အဓိက အားနည်း တယ်လို့ ကျနော်တို့ တွေ့ရတယ်။

နောက်ပိုင်းကျတော့လည်း ၆ လ၊ ၇ လလောက် စမ်းပြီးတော့ သူတို့ မရွေးကြတော့ ဘူးပေါ့နော်။ အဲဒါလေးတွေက အဓိကကတော့ ကျနော်တို့ဆီက ကစားသမားလေးတွေက ကျနော် ခုနပြော သလိုပေါ့နော် Physically အားနည်း တာရယ် Mentality ပိုင်းတွေမှာ Strong ဖြစ်ဖို့တော့ လိုလိမ့်မယ်လို့ ထင်ပါတယ်၊ ကြေးစား ထွက်ကစားမယ် ဆိုရင်။”

နိုင်ငံခြားကလပ်တွေမှာ ကြေးစားဘောလုံးသမားအဖြစ် ထွက်ကစားခဲ့ဖူးတဲ့ မြန်မာဘောလုံးသမား ၁၃ ဦးထဲမှာ ဦးတင်မြင့်အောင်လည်း ပါဝင်ခဲ့ပါတယ်။

သူတို့အလွန် ၂၅ နှစ်ကြာမှ အခုလို နိုင်ငံခြားထွက်ကစားခွင့်ရတဲ့ လူငယ်ဘောလုံးသမား အချို့သာ ပေါ်ထွက်ခဲ့တာပါ။

“နောက်ပိုင်းကလေးတွေကတော့ မကောင်းဘူးမဟုတ်ဘူး၊ ကောင်းပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ သူတို့မှာရှိတဲ့ အရည်အချင်းကို ဘယ်လိုအသုံးချရမလဲဆိုတဲ့ Mentality
လေးတွေ အဲဒါလေးတွေ လိုအပ်နေတာ ကျနော်တို့ တွေ့ပါတယ်။

ကျနော်တို့ ထွက်ကစားတဲ့ အချိန်တုန်းက ပြိုင်ဆိုင်မှုကတော့ တော်တော်ပြင်းထန်တာပေါ့။ တော်ရုံတန်ရုံ အရည်အချင်းနဲ့ဆို သူတို့လိဂ်တွေမှာ ၀င်ကစားဖို့တော့ မလွယ်ဘူး။

နောက်ပိုင်းသွားတဲ့ ကလေးတွေကတော့ သူတို့အနေနဲ့ Salary လေးတွေ နည်းနည်းလေး နည်းလားလို့ ကျနော့်အနေနဲ့ ထင်မိတယ်။ သူတို့ရဲ့ Ability လေးတွေနဲ့လေ” လို့ ဦးတင်မြင့်အောင်က ဆက်ပြောပါတယ်။

ဒီနှစ်မတ်လထဲမှာတော့ မြန်မာဘောလုံးသမား ကောင်းဆက်နိုင်ကို ထိုင်းလိဂ် ၂ အသင်းတသင်းက ၇ လ အငှားစာချုပ်နဲ့ ခေါ်ယူထားပါတယ်။

ဒါပေမယ့် မြန်မာကစားသမားကို မ၀ယ်ခင် စာချုပ်နဲ့ပတ်သက်ပြီး နှစ်ဘက် ဘောလုံးအေးဂျင့်အနေနဲ့ ကစားသမားကို သေချာရှင်းပြပြီးမှ လိုက်နာရမယ့်အချက်တွေကို အသိပေး စာချုပ်ချုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဘောလုံးသမား စာချုပ်ချုပ်ဆိုတာနဲ့ ပတ်သက်ပြီး ဦးတင်မြင့်အောင်က “အလားတူပဲ ကျနော်တို့ဆီမှာ အားနည်းတာ အဲဒါပဲ။ စာချုပ်ကို သေချာမဖတ်ဘူး။

မဖတ်တဲ့အခါကျတော့ ပြဿနာဖြစ်လာတဲ့အခါကျတော့ ကိုယ့်ဘက်က ရှုံးတာတွေလည်း များတာပေါ့။ Languate (ဘာသာစကား) အားနည်းတာလည်း တပိုင်းပေါ့နော်။

အဲဒီအတွက်ကြောင့် ကလပ်ကလည်း ဒီကိစ္စလေးတွေကို သေချာလေးကို Translate လုပ်ပြီးတော့ ရှင်းပြသင့်တယ်” လို့ ပြောပါတယ်။

လက်ရှိအစိုးရသစ်အနေနဲ့ ဘောလုံးလောက တိုးတက်ဖို့ကိုလည်း ပြည်နယ်နှင့်တိုင်း ဘောလုံးကွင်းတွေမှာ ပြိုင်ပွဲတွေ လုပ်ဆောင်ခွင့်ပေးဖို့နဲ့ ဘောလုံးကွင်းတွေ တိုးချဲ့ တည်ဆောက်ပေး ဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

ဒီဗွီဘီ by လေးလေးမွန်

Originally published at - http://burmese.dvb.no/archives/142517


No comments:

Post a Comment