
စပိန် လာလီဂါက ရီးရဲလ် မက်ဒရစ် ရှေ့တန်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ညာဖက် ပေါင် ကြွက်သား ဒဏ်ရာကြောင့် ဧပြီ ၂၃ ရက် ဗလယ်ကာနိုနဲ့ ပွဲမှာ ကစားနိုင်မှာ မဟုတ် ပါဘူး။
ဒါပေမယ့် ဧပြီ ၂၆ ရက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အင်္ဂလန်ပရီးမီးယားလိဂ်က မန်ချက်စတာစီးတီးအသင်းနဲ့ ကစားမယ့် ပွဲစဉ်ကိုတော့ ပြန်ပါလာမှာလည်း ဖြစ်ပါတယ်။
ဧပြီ ၂၀ ရက် ဗီလာရီးရဲလ်နဲ့ ပွဲကို ဒဏ်ရာကြောင့် လွဲချော်သွားတဲ့ ဂရတ်ဘေးကလည်း လေ့ကျင့်ခန်းပြန်လည် ဆင်းနေပါတယ်။ ပထမကျော့မှာ ရီးရဲလ်က ဗလယ်ကာနိုကို ၁၀ ဂိုး ၂ ဂိုးနဲ့ အနိုင်ရထားပါတယ်။
ရီးရဲလ်မက်ဒရက်ဟာ လာလီဂါအမှတ်ပေးဇယားမှာ ထိပ်က ဦးဆောင်နေတဲ့ ဘာစီလိုနာ၊ ဒုတိယနေရာက အမှတ်တူ အက်သလက်တီကို မက်ဒရစ်တို့နဲ့ တမှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/146397





No comments:
Post a Comment