
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် ကလပ် အသင်းဟာ ၅ လ အတွင်း အေးဂျင့်ကြေး ပေါင် ၁၀ သန်း အထိ အသုံးပြု ထားပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ကနေ ၂၀၁၆ ဖေဖော်ဝါရီလ အထိ ကစားသမား ရှာဖွေတဲ့ အေးဂျင့်ကြေး ပေါင် ၁၀ သန်း အထိ အသုံးပြု ထားတာ ဖြစ်ပေမယ့် ကစားသမား တဦးကိုမှ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိပါဘူး။
မန်ယူပြောခွင့်ရကတော့ ဒါဟာ ဂိုးသမား ဒီဂီယာအပါအ၀င် အသင်းနဲ့ ပြန်လည် ဆွေးနွေး ညှိနှိုင်းမှုတွေ အမြောက်အမြား လုပ်ဆောင်တယ်ဆိုတာကို ထင်ဟပ် ပြလိုက်တာလို့ ပြောပါတယ်။
အေးဂျင့်ကြေး ဒုတိယအများဆုံးသုံးတဲ့ လီဗာပူးထက် ပေါင် ၃ သန်း ပိုမိုနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ လက်စတာ အသင်းကတော့ ပေါင် ၉ သိန်းကျော် အသုံးပြုထားသလို အဲဗာတန်ကတော့ ပေါင် ၄ သိန်းကျော်သုံးထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/146391





No comments:
Post a Comment