
ဧပြီ ၂၊ အာဂျင်တီးနား
ကမ္ဘာကျော်ဘောလုံးသမား မက်ဆီသည် အမေရိကန်သမ္မတ ဘားရတ်အိုဘားမား၏ သမီးနှစ်ဦးထံသို့ အာဂျင်တီးနား လက်ရွေးစင်အင်္ကျီများ ပေးပို့လိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် အပတ်က အာဂျင်တီးနားနိုင်ငံသို့ ရောက်ရှိခိုက်တွင် အိုဘားမားက ၎င်း၏ သမီးနှစ်ဦးသည် မက်ဆီကို တွေ့ဆုံလိုနေကြကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
သို့သော် ထိုအချိန်တွင် မက်ဆီမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကစားရန် ချီလီနိုင်ငံသို့ ရောက်ရှိနေခိုက်ဖြစ်သည့်အတွက် အိုဘားမား၏ သမီးများဖြစ်သော မာလီယာနှင့် ဆာရှာတို့မှာ မက်ဆီကို တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် မက်ဆီက ၎င်းနှင့် တွေ့ဆုံခွင့်မရခဲ့သောကြောင့် စိတ်ပျက်ခဲ့ရသည့် အိုဘားမား၏ သမီးနှစ်ဦးအတွက် ၎င်းတို့၏ နာမည်များပါသော ကျောနံပါတ် ၁၀ အာဂျင်တီးနား လက်ရွေးစင် အင်္ကျီများကို ပေးပို့ခဲ့သည်။
ရည်ညွှန်း ဂရိတ်ဂိုး
မဇ္ဈိမသတင်း by အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com/article/13052

No comments:
Post a Comment